(Bravo) my snap diary
 

ငါးထွက်မျှားခြင်း

ရ သလား မရသလားမပြောနဲ့
ပြောကိုမပြောနဲ့တော့
ရရ မရရပေါ့ မရတစ်လှည့်ရတစ်လှည့်နဲ့
လောကကြီးက ငှက်ပျောတုံးတက်စီးရသလိုပဲ(ရေထဲတွင်)
အပေါ်ရောက်လိုက် အောက်ပြုတ်ကျလို
မြုပ်လိုက် ပေါ်လိုက်
သူများတွေရှာတဲ့ ရရှိခြင်းမှာ
ကျွန်တော်က ဘာမှ မရှိတာကို ရတယ်
ဘာမှမရှိတဲ့ ရရှိခြင်းမှာ
ကျွန်တော်က တစ်ခုခုကို ရခဲ့တယ်
ဒီလိုနဲ့ အဲဒီညနေက လူလူသူသူမရှိပဲ
ကိုယ့်အရိပ်ကို ကိုယ် ပြန်နင်းမိလို့
ဒဏ်ရာက အနာဖြစ်လို့အနာတွေက ဒဏ်ရာပြန်ဖြစ်
ကျွန်တော်ဒဏ်ရာတွေကို ရလာတယ်
အနာဖြစ်မဲ့ဒဏ်ရာတွေကို ရလာတယ်
ဒဏ်ရာဖြစ်မဲ့ အနာတွေကိုရောပေါ့
ကျွန်တော်ဟာ ဒဏ်ရာကို ရလို့
ဘာမှ မရရှိတဲ့ ဒဏ်ရာကို ကျွန်တော်ရတယ်
ဘာပဲ ရရ
ဒဏ်ရာထဲမှာ ကျွန်တော့်အတွက်တစ်ခုခုရလာတယ်
တစ်ခုခုရလာခဲ့တယ်
အဲဒီ တစ်ခုကို ကျွန်တော်ရခဲ့တယ်။                 ။

နေသွေး

ဘာမှမရတာထက်စာရင် တစ်ခုခုရလာတာ တော်သေးတယ်လို့ ပြောရမယ်..
အဆင်ပြေတယ်ဟုတ်

Reply
ဖိုးဂျယ်
6/7/2010 02:10:50 am

တခုခု ရခဲ့တယ်လား

Reply
28/12/2010 12:00:07 pm

အာ

Reply
4/4/2011 04:51:11 pm

ညီ.. ကိုယ် ပြန်လည် ရှင်သန်နေပြီ။ တစ်ခါ တစ်ခါ လာပြီး အသက် ၀ိုင်းရှုပေးဦး။ ညီ.. လိပ်စာ အသစ်ကို မနည်းရှာရတယ်။ ရတဲ့ တစ်ခုခုကို သေသေချာချာ ကိုင်ထားဟေ့။ အင်္ကြန်နီးနေပြီ။

Reply



Leave a Reply.