(Bravo) my snap diary
 
     ဒီနေ့ (23.3.2010)လေ.......

     ဒီနေ့ကျွန်တော် မနက်၂နာရီကတည်းက မိုးလင်းနေခဲ့တယ်။ ဘယ်လိုပဲ ပြန်အိပ်ဖို့ ကြိုးစားပေမယ့် သူနဲ့တွေ့ရမယ့် စိတ်ကကြီးစိုးနေလို့ အိပ်လို့မပျော်ခဲ့ဘူး။ ဒါနဲ့ အခန်းထဲကထွက်အောက်ဆင်း မျက်နှာသစ်သွားတိုက် ကော်ဖီခွက်လေးကိုင်ပြီး ကိုယ့်အခန်းထဲ ပြန်ဝင်လာခဲ့တယ် ။
  သူနဲ့တွေ့ဖို့ချိန်းထားတဲ့ အချိန်က အရမ်းစောနေတာကိုး ဒါနဲ့ ကော်ဖီလေးသောက်လိုက် သူ့အကြောင်းတွေးလိုက်နဲ့ တဖြည်းဖြည်း ရင်တွေတောင်ခုန်လာတယ် ။ဒါနဲ့ စိတ်တည်ငြိမ်ပါစေတော့ဆိုပြီ
း သူ့အကြောင်းကိုခဏမေ့ Mp4 လေးကောက်ကိုင်ပြီး သီချင်းနားထောင်ရင်းနဲ့ ဟိုငေးဒီငေးလုပ်ပေမယ့်လဲ သူနဲ့တွေ့ရမယ့် အချိန်ကို ရင်တွေခုန်ပြီး သူ့ဆီပဲ စိတ်တွေရောက်နေမိတယ် ။
     ကျွန်တော်ဆိုတဲ့ ကောင်ကိုကလည်း သူ့အသံပဲ ကြားပါစေ။ ရင်တွေအရမ်းခုန်ပြီး ဆောက်တည်ရာမရဖြစ်တတ်တဲ့ ကောင်ကိုး။ သူငယ်ချင်းတွေကတောင် သူနဲ့ပတ်သတ်လို့ အဲ့လောက်မခံစားဖို့ ကျွန်တော့်ကို တားကြပါသေးတယ် ။
   ဒါပေမယ့် သူ့ကိုဘယ်လောက်တန်ဖိုးထားတယ
် ချစ်တယ်ဆိုတာ ကျွန်တော်အသိဆုံးပဲလေ။ သူ့ကိုမြင်နေရရင်ကို ကျွန်တော်ပျော်လာတာ။ သူ့အကြောင်းတွေ စိတ်ထဲမှာတွေးရုံနဲ့ကို ကျွန်တော်ရင်တွေ အရမ်းခုန်လာတာကို ကျွန်တော်ဘယ်လိုမှ ထိန်းချုပ်မရနိုင်ဘူးဗျာ။
     ဒီလိုနဲ့ တဖြည်းဖြည်း သူ့ပုံရိပ်တွေကို မျက်လုံးထဲမှာ ပုံဖော်လိုက် သူ့အကြောင်းတွေကို စိတ်ထဲမှာတွေးလိုက်နဲ့ ကဗျာဆန်ဆန်ပြောရရင်တော့ နေထွက်လာတယ်ဗျာ။
    အဲ့ဒါနဲ့ မနက်၇နာရီလောက်လဲကျရော ကျွန်တော်ရေမိုးချိုးဖို့ ပြင်ဆင်ရတော့တယ် ။သူနဲ့တွေ့ရင် ကျွန်တော့်စိတ်တွေ လန်းဆန်းနေအောင်လေ အတတ်နိုင်ဆုံး အကျီအ၀တ်အစားကို သပ်သပ်ရပ်ရပ်ဝတ် ခေါင်းတွေဘာတွေ သေသေချာချာဖီးပြီးတော့ တခါ ဘုရားစင်ရှေ့ကိုပြေးရတယ်။
 သူနဲ့တွေ့မယ့်အချိန်ကျရင် ကံတရားကကျွန်တော့်ဘက်က ရပ်တည်ပေးဖို့ပေါ့။ အဲ့ဒါနဲ့အိမ်ကထွက် ပြီးတော့ သူငယ်ချင်းကို ၀င်ခေါ်ရတယ်။

   ကျွန်တော်ရင်တွေအရမ်းခုန်နေတော့ တယောက်တည်းသွားဖို့လည်း အဆင်မပြေနိုင်ဘူးလေ။သူနဲ့ချိန်းထားတဲ့နေရာကို သွားတဲ့တလမ်းလုံးမှာလဲ သူ့အကြောင်းတွေတွေးလိုက် အပြင်ကိုငေးလိုက်။
          သူနဲ့တွေ့ရင် အဆင်ပြေပါ့မလားဆိုတဲ့စိတ်နဲ
့ စိုးရိမ်လိုက်နဲ့ ကျွန်တော်လာခဲ့ရတာ ဒါနဲ့ တဖြည်းဖြည်းချိန်းထားတဲ့နေရာကိုရောက်လာပေမယ့်သူနဲ့တွေ့ဖို့စောနေတယ်

။သူကအချိန်အရမ်းတိကျတာလေ ၉ နာရီထိုးမှ ကျွန်တော်နဲ့ ချိန်းထားတာဗျ ။
 ဒါနဲ့ အပြင်ဘက်မှာ မယောင်မလည်နဲ့ ရပ်စောင့်မိနေတယ် ဟောပြောရင်းဆိုရင်း နဲ့ ၉ နာရီတောင် ထိုးပြီ။

ကျွန်တော်သူရှိမယ့် အခန်းထဲလဲ ၀င်လိုက်ရော သူက ခုံပေါ်ကနေ အသင့်စောင့်နေတယ်ဗျာ ။
လေအဝှေ့မှာ လက်လေးတောင် လှမ်းပြလိုက်သေးတယ် ။
ကျွန်တော်ရင်တဒိတ်ဒိတ်နဲ့ သူ့အနားကိုကပ်ပြီး သူ့ကိုဆွဲယူသေချာ ကြည့်လိုက်တော့ တော်သေးတာပေါ့ ကျွန်တော်ကျက်ထားတဲ့ စာတွေပါပေလို့ အခုဆိုရင် ကျွန်တော်အရမ်းချစ်ရတဲ့ သူက ကျွန်တော့်လက်ထဲမှာလေ။

 အဲ့ဒါဘာလဲ သိပြီလား စာမေးပွဲမေးခွန်းလွှာလေ။
 :D ကျွန်တော်ရင်ခုန်စွာနဲ့ မျှော်လင့်ခဲ့ရတဲ့ ကျွန်တော့်ရဲ့စာမေးပွဲမေးခွ
န်းလွှာပေါ့ :P ဒီနေ့ကျွန်တော့် major စာမေးပွဲနောက်ဆုံးနေ့လေ.....။            ။

(ပြီးတော့ ... ကျွန်တော်အရမ်းချစ်ရတဲ့သူ ကျွန်တော့်ကိုခွဲသွားတာ ၂ နှစ်ပြည့်တဲ့နေ့ပေါ့...)
မှတ်ချက်။              ။ အပေါ်က စာပုဒ်လေးကို ကျနော့်ချစ်သူ ကောင်မလေးက ရေးထားတာပါ။
                              သူ့အတွက် အမှတ်တရ တင်ပေးထားတာပါ။         ။
26/6/2010 05:55:52 pm

ကျွန်တော်အရမ်းချစ်ရတဲ့ သူ
စာမေးပွဲမေးခွန်းလွှာ
ကျနော့်ချစ်သူ ကောင်မလေးက ရေးထားတာပါ။
ထင်သလိုပဲဖတ်သွားပါတယ်။

Reply
26/6/2010 07:16:55 pm

ဒီလိုပါ
ကျနော့်ကောင်မလေး စာမေးပွဲဖြေတဲ့နေ့မှာ ရေးထားတဲ့စာပါ
အရမ်းချစ်ရတဲ့သူ ဆိုတာက သူ့ရဲ့အဖေ ကိုပြောတာပါ။
း(

Reply
26/6/2010 09:15:59 pm

ဟားဟား...ကိုဇာဏီရေ ကောင်းတယ်ဗျ နောက်မှသိတော့တယ် တော်တယ်ဗျာ..:)
ခင်တဲ့(ချိုကျ)

Reply



Leave a Reply.