(Bravo) my snap diary
 

ငါးထွက်မျှားခြင်း

ရ သလား မရသလားမပြောနဲ့
ပြောကိုမပြောနဲ့တော့
ရရ မရရပေါ့ မရတစ်လှည့်ရတစ်လှည့်နဲ့
လောကကြီးက ငှက်ပျောတုံးတက်စီးရသလိုပဲ(ရေထဲတွင်)
အပေါ်ရောက်လိုက် အောက်ပြုတ်ကျလို
မြုပ်လိုက် ပေါ်လိုက်
သူများတွေရှာတဲ့ ရရှိခြင်းမှာ
ကျွန်တော်က ဘာမှ မရှိတာကို ရတယ်
ဘာမှမရှိတဲ့ ရရှိခြင်းမှာ
ကျွန်တော်က တစ်ခုခုကို ရခဲ့တယ်
ဒီလိုနဲ့ အဲဒီညနေက လူလူသူသူမရှိပဲ
ကိုယ့်အရိပ်ကို ကိုယ် ပြန်နင်းမိလို့
ဒဏ်ရာက အနာဖြစ်လို့အနာတွေက ဒဏ်ရာပြန်ဖြစ်
ကျွန်တော်ဒဏ်ရာတွေကို ရလာတယ်
အနာဖြစ်မဲ့ဒဏ်ရာတွေကို ရလာတယ်
ဒဏ်ရာဖြစ်မဲ့ အနာတွေကိုရောပေါ့
ကျွန်တော်ဟာ ဒဏ်ရာကို ရလို့
ဘာမှ မရရှိတဲ့ ဒဏ်ရာကို ကျွန်တော်ရတယ်
ဘာပဲ ရရ
ဒဏ်ရာထဲမှာ ကျွန်တော့်အတွက်တစ်ခုခုရလာတယ်
တစ်ခုခုရလာခဲ့တယ်
အဲဒီ တစ်ခုကို ကျွန်တော်ရခဲ့တယ်။                 ။

နေသွေး
 
ကျွန်တော်ချစ်သော မျက်လုံးပြူးပြူးလေးအတွက်

မျက်လုံးပြူးပြူးလေးရေ
နင့်အငွေ့သက်တွေပါလာရင်
စနေနေ့တွေရော
ညနေခင်းတွေရော
လမ်းကျဉ်းလေးတွေရော
ငါ့အတွက် အကုန် ခမ်းနားလို့

ငါ့မှာ (၂၁) ဂဏန်းကိုလည်းချစ်ရတယ်
ကင်တီးထဲက ခုံလေးတွေကိုလည်း ချစ်ရတယ်
အထူးဘတ်(စ်)ကားကြီးကိုလည်းချစ်ရတယ်
ငါဆေးလိပ်ပြတ်သွားတာ နင့်ကြောင့်

နင်ပေးခဲ့သမျှလက်ဆောင်တွေထဲမှာ
တနင်္လာနေ့က အလှဆုံးပဲ
ခမ်းနားလွန်းအားကြီးတယ်
ငါသေပျော်ပါပြီ
(သေရင် လာမငိုနဲ့)

နင်ကြိုက်တဲ့ ကာတွန်းဇာတ်ကောင်လေးလို
နင့်မျက်ဝန်းအစုံက ပြူးပြူးကြီး
အဲဒီမျက်ဝန်းတွေနဲ့ပဲ ငါအသက်ရှင်ခဲ့ပြီ

နင်အားငယ်ရင် ငါ့ပုခုံးကို မှီပါ
နင်စိတ်ညစ်ရင် ငါ့ကိုလွမ်းပါ
(ငါ့ကိုလွမ်းလို့ စိတ်မညစ်နဲ့)
ငါမရှိရင် သီချင်းဆိုပါ

မျက်ပြူးမလေးရေ
ငါ့ရင်ဘတ်မှာ နင့်နာမည်တွေကပ်လို့
ငါ့အသိမှာဆို
ရန်ကင်းစင်တာမှာ မုန့်စားတဲ့သွားတက်ကလေးက အစ
အရူးမဆိုင်က ခုံရှည်လေးတွေအဆုံး
စွဲလို့မြဲလို့ အမှတ်ရနေတယ်

ကမ္ဘာကြီးပျက်နေရင်တောင်
နင့်အနား အရောက်ပြန်ခဲ့မယ်ဆိုတဲ့အကြောင်း
(ငါ့ကိုတော့ မပစ်ထားခဲ့နဲ့ပေါ့)
စွယ်တော်ရွက်လေးတွေလို ရင်နှစ်စုံကပ်မယ်
မျက်ပြူးလေးရေ
ငါ့ရင်ခွင် စိတ်ချစွာ ခိုဝင်ပါ
နင့်အတွက် အိပ်မက်တွေ ၀ှက်ထားပေးတယ်
ငါ့အနာဂတ်က နင်။

ငါ့အပေါ် သေအောင်ဆိုးပါ
ငါပြုံးပြုံးလေး စိုက်ကြည့်နေပါမယ်
ငါငိုတဲ့အခါ ငါ့ကိုချော့ပါ။
ငါတို့အတူဆုံနိင်ဖို့
ငါဆုတောင်းပေးထားပါမယ်။

ကမ္ဘာတွေပျက်လို့မိုးတွေပြိုကျရင်တောင်
ငါ့ရင်ထဲမှာ မျက်ပြူးလေးအတွက်
သေရာပါအမှတ်ရနေမဲ့ အနမ်းတွေရှိနေမယ်
နေရာအလွတ်တွေ ထားပေးထားမယ်
အိပ်မက်လှလှလေးတွေ ၀ှက်ထားပေးမယ်ဆိုတဲ့အကြောင်း။

မျက်လုံးပြူးပြူးလေးရေ
ငါကိုယ်တိုင် စိတ်ပျက်နေတတ်တဲ့ငါ့ကို
နင်ကိုယ်တိုင်က စိတ်မပျက်ပါဘူးလို့ဆိုလာတော
ငါ့အတွက် ဘုရားပေးတဲ့လက်ဆောင်က
ဘယ်သူများ ဖြစ်နေဦးမလဲကွာ။


နေသွေး
 
မုတ်သုန်က
ဘယ်အညိုးနဲ့ အံကြိတ်ပြီးခုန်ချ
ည လေးခမျာ တော်တော်ချမ်းနေမှာပဲ။ ။


နေသွေး
 
ဟိုဟာတစ်ခု ရဖို့
ဓါတ်လိုက်သလိုလို ဗိုက်အောင့်သလိုလိုနဲ့
ကျွန်တော့်ရင်ဖုံး စာတန်းက ထိုက်တန်ပါရဲ့လားတဲ့။

သူတို့ချောင်းထဲ သူတို့မျော
ကျနော်ကတော့ ပေါလောပေါလောနဲ့
အတောင်သေးတော့ အရောက်နှေးသကိုး
ခင်ဗျားတို့ပဲ ကျော်သွားကြပါ။

အလံလည်းမထောင်နိင်
တိုင်လည်းမတက်နိင်နဲ့
လက်ရမ်းက ယိုင်နဲ့နဲ့
အားလုံးနဲ့ကျွန်တော်
သူလှော် ကိုယ်လှော်ပါပဲ။

သီအိုရီ မနိင် လက်မပိုင်နဲ့
ကျွန်တော်ကိုင်သမျှ ၀ါကျတွေက
လူလုံးသူလုံးမရှိလှဘူး။

သူတို့ထိုးသမျှ လက်ချောင်းတွေပြန်ရေဖို့
သူတို့မသိအောင် ကျွန်တော် သင်္ချာပြန်လေ့ကျင့်ရမယ်။


ဒီိလိုနဲ့ လတ်လျားလတ်လျား
ကျွန်တော့်ခြေသလုံးတွေ
သမာဓိ တွေတိုးလို့
အားလုံးကို ခန့်ခန့်ကြီးပြူံးနိင်တဲ့ ဇာတ်ဝင်ခန်းမှာ
နောက်ဆုံးတော့ မင်းဘာကောင်လဲလို့
စာတန်းကြီးကြီး ပြန်ထောင်ပြမယ်။ ။

နေသွေး(ဘရာဗို)